ဟနွိုင်း ဇွန် ၂၂
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ်ခရစ်တန် ဘရင့်ခ်သည် ဇွန် ၂၁ ရက်မှ စ၍ ဟနွိုင်းမြို့သို့ နှစ်ရက်ကြာ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြား သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် ဗီယက်နမ်နိုင်ငံသို့ ခရီးစဉ်လာရောက်မှုအပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ခရစ်တန်ဘရင့်ခ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန် အတွက် ဗီယက်နမ်အဆင့်မြင့် အရာရှိများနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြ ထားသည်။
ထို့ပြင် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာစေရေး ဗီယက်နမ်နှင့် လက်တွဲလုပ်ဆောင်ရန် အတွက် ဝါရှင်တန်၏ ခိုင်မာသောကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုမည်ဖြစ်သည်။ ခရစ်တန်ဘရင့်ခ်သည် ယခင်က ဗီယက်နမ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဗီယက်နမ်ခေါင်းဆောင်များနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည်ဟု ဆိုသည်။
အင်န်အိတ်ချ်ကေ