သီပေါ  ဇွန်  ၂၂

 

နိုင်ငံတော်အစိုးရမှ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသော  ရှမ်းပြည်နယ်(မြောက်ပိုင်း)    သီပေါမြို့နယ်မှ ဆရာတော် အရှင်သူမြတ်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများ ဂုဏဝိသိဋ္ဌထပ်ဆင့် ချီးကျူးဂုဏ်ပြုပူဇော်ပွဲကို   ဇွန် ၂၁ ရက် နံနက်ပိုင်းက မြို့လယ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂ မဟာ  သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ မိလိန္ဒဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် စိုးဝင်းက     သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ဆက်လက်၍ ဘဏ္ဍာကျောင်းတိုက် ပဓာနနာယက  ဆရာတော် အရှင်ဇာနေယျက ဂုဏပူဇာကထာတော်ဖြင့် ပူဇော်၍ နိုင်ငံ‌တော် ဗဟိုသံဃာ့ဝန်ဆောင် ပေါ်ကြိုဘုရားကြီး ကျောင်းတိုက်ပဓာန နာယက ဆရာတော်  ဘဒ္ဒန္တဒေဝိန္ဒ အရှင်သူမြတ်ထံမှ ဝမ်းမြောက်ကြောင်း အနုမောဒနာတရားတော်ကို နာယူသည်။

 

ထို့နောက် နိုင်ငံ‌တော်အစိုးရက ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ် တော်များ     ချီးမြှင့်ဆက်ကပ်၍ အလှူခံရရှိသည့် ဘဒ္ဒန္တမိလိန္ဒ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တဉာ‌ဏောဘာသ  (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တဒေဝိန္ဒ (မဟာဓမ္မကထိက ဗဟုဇနဟိတဓရ)၊ ဘဒ္ဒန္တဥတ္တမသာရ (မဟာ သဒ္ဓမ္မဇောတိက ဓဇ)၊ ဘဒ္ဒန္တဩဘာသ(မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဒေါက်တာအရှင်ဝါယာမိန္ဒာဘိပါလ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တကောသလ (သဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တမိဏိဿရ (သဒ္ဓမ္မဇောတိကဓဇ)နှင့် သီလရှင်ဆရာကြီး ဒေါ်ဂုဏဝတီ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဆရာကြီးဒေါ်စရဏသိင်္ဂီ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဒေါ်ဘဒ္ဒဝတီ (ဂန္ထဝါစကပဏ္ဍိတ) စသည့် ဆရာတော်ရှစ်ပါးနှင့် သာသနာ့နွယ်ဝင်  သီလရှင်ဆရာကြီးသုံးပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   မြို့နယ် ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးစိုင်းစိန်လင်းနှင့် တာဝန်ရှိသူများက သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး     လှူဒါန်းမှု အစုစုအတွက် နမ့်လန်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသ အရှင်သူမြတ်က ရေစက်သွန်းချ အမျှပေးဝေ ကြောင်း သိရသည်၊၊

 စိုင်း (သီပေါ)