နေပြည်တော် ၁ မတ်
မောင်တောမြို့နယ်၊ နယ်မြေ(၆) မင်္ဂလာကြီးချောင်းဝအနီး၌ ယမန်နေ့ ညပိုင်းက ငွေကျပ် (၁၃၂၆) သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် နယ်မြေ(၆) မင်္ဂလာကြီးချောင်းဝအနီး၌ ယမန်နေ့ ည ၁၀နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေယာဉ်ဖြင့်လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံ ဘက်ကမ်းသို့ ဖြတ်ကူးနေသော ဟာရိုလာမိန်၊ (ဖ)ဇူရူလော့၊ ကျောက်လှေကားကျေးရွာ၊ မောင်တောမြို့နယ် နေသူပါ (၂)ဦးအား တွေ့ ရှိစစ်ဆေးရာ ပလပ်စတစ်အိတ်ဖြင့်ထည့်ထား သည့် WY/R စိတ်ကြွဆေးပြား ၆၆၃၀ဝ (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုး ငွေကျပ် ၁၃၂,၆၀ဝ,ဝ၀ဝ)အား ဖမ်းဆီးရမိခဲ့သဖြင့် ပြင်ဖြူနယ်မြေ ရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကိုရဲ)