​မော်လမြိုင်၊ ဇွန် ၂၅

 

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (/၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အတွင်း​ရေးမှူး၊ ပြည်နယ် အ​ထွေ​ထွေ​အုပ်ချုပ်​ရေးဦးစီးဌာန၊ ပြည်နယ်အုပ်​ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်​ရောက်ကြသည်။

ဦးစွာ နယ်မြေခံလေ့ကျင့်ရေးကျောင်း ​ကျောင်းအုပ်ကြီးက သင်တန်းဖွင့် မိန့်ခွန်း​ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်ကြားပေးသည့် အတတ်ပညာများကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်  ဆောင်ပုဒ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး  စစ်သားကောင်းတစ်ယောက် ဖြစ်အောင် စိတ်ရောကိုယ်ပါ လေ့ကျင့်သင်ကြားသွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(/၂ဝ၂၄) သင်တန်း၊ သင်တန်းသားများအတွက် ကြက်ဥနှင့် ​ခေါက်ဆွဲ​ခြောက်များ ​ပေးအပ်​ထောက်ပံ့ရာ သင်တန်း​ကျောင်း၊ ​ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

သက်နိုင်(မော်လမြိုင်)