နေပြည်တော် ဇွန် ၂၅

 

မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၃)ကြိမ်မြောက် မူးယစ်ဆေးဝါဆန့်ကျင်ရေး ဝတ္ထု၊ဆောင်းပါး၊ ကဗျာရေးစပ်ပြိုင်ပွဲနှင့် ကျပန်း စကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့ နံနက် နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကျောက်ဆည်ဓမ္မာရုံခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန်ကျင်ရေးအသင်း(ဗဟို)ဥက္ကဌ ဦးစိုးဝင်းက အမှာစကား ပြောကြားပြီး (၁၃)ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဝတ္ထု၊ ဆောင်းပါး၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြသည့် အလှူရှင်များ၏ အလှူငွေများကိုလက်ခံသည်။

 

ထို့နောက် ၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၃)ကြိမ်မြောက် မူးယစ်ဆေးဝါဆန့်ကျင်ရေး မူလတန်းအဆင့် ကဗျာရွတ်ဆို(အင်္ဂလိပ်)ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြော (အင်္ဂလိပ်)ပြိုင်ပွဲ၊ အထက်တန်း အဆင့် ကျပန်းစကားပြော(အင်္ဂလိပ်)ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆို(မြန်မာ)ပြိုင်ပွဲ၊ အလယ်တန်း အဆင့် ကျပန်းစကားပြော(မြန်မာ)ပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းစကားပြော(မြန်မာ)ပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုများကို ကျင်းပရာ‌ သက်ဆိုင်ရာကဏ္ဍအလိုက် ကျောင်းသား၊ ကျောင်သူများ ပါဝင်ယှဉ်ပြိုင်ကြသည်။

 

ယင်းနောက်(၁၃)ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဝတ္ထု၊ ဆောင်းပါး၊ ကဗျာရေးစပ် ပြိုင်ပွဲများ တွင် ဆုရရှိသူများနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင်ဆု ရရှိကြသည့် ကျောင်းသားကျောင်း သူများကိုမြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန်ကျင်ရေးအသင်း (ဗဟို)နာယက ဦးစံသိန်း၊ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)