သဲကုန်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသုံးကုန်ပစ္စည်းများကို ပြင်ပစျေးနှုန်းများထက် လျှော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့မစျေး၊ စျေးတာဝန်ခံရုံးအနီးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် လာရောက်ဝယ်ယူကြသူ ပြည်သူများအား ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ်(၃၀၀၀)နှုန်း၊ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဇွန် ၃၀ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


