ပေါင်းတည် ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စားသုံးသူပြည်သူများအတွက် အခြေခံစားသုံးကုန် ဆန်နှင့်ဆီများကို သတ်မှတ်ရည်ညွှန်းစျေး (သက်သာသောစျေး)ဖြင့် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ ဧည့်မထဆန်နှင့် အင်းလယ်ဆန်များကို တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချပေးပြီး စားအုန်းဆီများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုဇယားမိတ္တူနှင့် အိမ်ထောင်စုဇယားတွင် ပါဝင်သူတစ်ယောက်၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူလျက်ရှိကြကာ ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချပေးမှုအစီအစဉ်အား ပေါင်းတည်မြို့နယ် ဆန်နှင့်ဆီ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ရွှေသား(ပြန်/ဆက်)


