ဇွန် ၂၆
ဇင်ဘာဘွေနိုင်ငံ၏မြို့တော် ဟာရာရီရှိ ရထားလမ်းဖြတ်နေရာတွင် ယမန်နေ့အစောပိုင်းက ရထားတစ်စင်းက ဘတ်စ်ကားကိုတိုက်မိသဖြင့် တစ်ဦးသေဆုံးပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုခဲ့သည်။ အဆိုပါမတော်တဆမှုသည် မနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဘတ်စ်ကားပေါ်တွင် ခရီးသည် ၆၆ ဦး လိုက်ပါလာကြောင်းနှင့် ရထားလမ်းဖြတ်နေရာ၌ ဘတ်စ်ကားရပ်တန့်ခြင်းမပြုသဖြင့် ရထားဖြင့် တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မာနီကာလန်ပြည်နယ် Rusape မြို့ငယ်လေး၏အပြင်ဘက်တွင် ဇွန်လ ၁၆ ရက်က ဘတ်စ်ကားမီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည်ကိုးဦးသေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို