နယူးဒေလီ   ဇွန်  ၂၉

 

နယူးဒေလီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇွန် ၂၈ ရက် နံနက်ပိုင်းက ခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး ခဲ့သည်ဟု  သိရသည်။    အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ဟု လေဆိပ် အော်ပရေတာက အပြစ်တင်ထားသည်။

 

လေဆိပ်၏ ထွက်ခွာရာ ဂိတ် ၁    မိုးသည်းမှုကြောင့်    ခေါင်မိုး နေရာအနှံ့မှ ရေများကျဆင်းလာမှုဖြစ်ပေါ်ခဲ့သည်။   ခရီးသွားများ ကြိုပို့ရာနေရာ၌ ခေါင်မိုးတိုင်များပြိုကျခဲ့ပြီး မော်တော်ယာဉ် အများအပြား ပျက်စီးခဲ့ရသည်။ အင်ဒီရာဂန္ဒီ  အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်းခရီးသွားများ အသုံးပြုရာ အဓိကဂိတ်ပေါက်ရှိ မျက်နှာကြက်   ပြိုကျခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူအများအပြားရှိကြောင်း   ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။

 

လေဆိပ်ရှိ အချို့သော ထွက်ခွာရေးဂိတ်များမှ သွားလာခွင့်ကို ဖျက်သိမ်းထားပြီး လေကြောင်း ခရီးစဉ်များကိုလည်း ပြင်ဆင်ထားကြောင်း  အော်ပရေတာက   ပြောသည်။ ဇွန်၂၇ ရက်မှ စတင်ကာ   နယူးဒေလီမြို့  အနီးတစ်ဝိုက်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းလျက်ရှိသည်။ မိုးသည်းထန်မှုကြောင့် လမ်းများရေလျှံနေပြီး  အခြားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အင်န်အိတ်ခ်ျကေ