မန္တလေး ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး) ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ အတူတကွတက်ရောက်စိုက်ပျိုးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်နေရာတွင် အရိပ်ရလေကာအပင်ကို စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်၊
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ခုနှစ်၊ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ ပိတောက်၊ တမလန်း၊ ရင်းမာ၊ မဟော်ဂနီ၊ ငုရွှေဝါ၊ စိန်ပန်း၊ မယ်ဇယ်၊ မယ်ဇလီ စသည့် သစ်မျိုး ၁၁ မျိုး၊ စုစုပေါင်း ပျိုးပင် ၆၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


