နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “ခေတ်ပြိုင်ဆင်ယင်၊ ယဉ်ကျေးအသွင်၊ တင့်တယ်ခြယ်သ၊ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ” သို့ တက်ရောက်အားပေး
နေပြည်တော်၊ ဇူလိုင် ၁
“ခေတ်ပြိုင်ဆင်ယင်၊ ယဉ်ကျေးအသွင်၊ တင့်တယ်ခြယ်သ၊ မြန်မာအမျိုးသမီးများအလှ ဝတ်စား ဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ” ကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူ လှ တက်ရောက်အားပေးသည်။
၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က အဆိုပါဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲကို စီစဉ်တင်ဆက်ခြင်း ဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၏ ဇနီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်း စစ်ချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၏ ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ နိုင်ငံကျော် အနုပညာရှင်များ၊ အဆိုတော်များ၊ ဒီဇိုင်နာများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် “မြန်မာအမျိုးသမီးများနေ့” တေးသီချင်း၊ “ပေါ့ပါးဝတ်ဆင်၊ ယဉ်ကျေးအသွင်” ခေါင်းစဉ်ဖြင့် နာမည်ကျော်ဝတ်စုံဒီဇိုင်နာများ ဖန်တီးဆန်းသစ်ထားသော ဝတ်စုံများ ဝတ်စား ဆင်ယင်ပြသမှု၊ “ပြည်ထောင်စုကြီး ထာဝရတည်တံ့ စေသား” တေးသီချင်း၊ တိုင်းရင်းသား သီချင်းများအပါအဝင် နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် “ပြည်ထောင်စုကြီးတို့ရဲ့ မြန်မာ” သီချင်း၊ နာမည်ကျော် ဒီဇိုင်နာတို့၏ ဖန်တီးမှု လက်ရာများဖြင့် “ရှုမငြီး စွဲမက်၊ ပိုးမင်းကြီး ပွဲတက်” ဝတ်စား ဆင်ယင်ပြသမှုနှင့် တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များကို တင်ဆက် ပြသကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင် နာယကများက မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်ကို ဂုဏ်ပြုပန်းစည်းချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး၏ဇနီးနှင့် တွဲဖက် အတွင်းရေးမှူး၏ ဇနီးတို့က ဖျော်ဖြေတင်ဆက်ပေးကြသော အနုပညာရှင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ စီစဉ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ အတွင်းရေးမှူးကိုလည်းကောင်း ဂုဏ်ပြုပန်းစည်း ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူး ဆောင် နာယကများ၊ တာဝန်ရှိသူများက အနုပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


