ချောက် ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ဇူလိုင် ၂ ရက် နံနက်ပိုင်းမှစတင်၍ ဧရာတီမြစ်ရေ ဝင်ရောက်နိုင်သည့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ရေဝင် ရပ်ကွက်များဖြစ်သည့် အမှတ်(၇) ရပ်ကွက်၊ ရွာဟောင်းရပ်၊ အုတ်ဖိုရပ်၊ အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံရပ်တို့ရေကြီးခြင်းသတိပေးချက်ရရှိပါက လိုက်နာရမည့်အချက်များ၊​ရေကြီးစဥ်နှင့် ရေကြီးပြီးနောက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့သည်။

 

ကျော်မိုး(ပြန်/ဆက်)