ဇူလိုင် ၃
ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမငါးလအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် ၄၃ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှမေလအတွင်း တရုတ်ခရီးသွား ၃၂၆၀၀၃ ဦး ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက ခရီးသွား ၂၂၇၇၄၇ ဦး ဝင်ရောက်မှုမှ ၄၃ ဒသမ ၁ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။
နိုင်ငံအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုသည် နိုင်ငံခြားခရီးသွားဝင်ရောက်မှုစုစုပေါင်း၏ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် ခရီးသွားဝင်ရောက်မှုအရေအတွက် တတိယအများဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် တရုတ်နိုင်ငံကို မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် သတ်မှတ်ထားသည်ဟု ခရီးသွားလာရေးဝန်ကြီးက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို