နေပြည်တော် ဇူလိုင် ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရှိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ အတွင်း သတင်းရရှိမှု (၄၃)ကြိမ် ရရှိခဲ့ပြီး၊ သတင်းမှား(၈)ကြိမ်၊ နောက်ကျသတင်း(၂)ကြိမ်နှင့် ဖမ်းဆီးရမိမှု (၃၃)ကြိမ် ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ(၆၁)မှု ဖွင့်လှစ် ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြစ်သော ကုန်ပစ္စည်း (၇၀)မျိုး အပါအဝင် ခန့်မှန်းတန်ဖိုးကျပ် (၁၀၉၅.၅၀)သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကို လည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၁၀၉၅ ဒသမ ၅၀)သန်း၏ ၂၀% ဖြစ်သော ကျပ် (၂၁၉ ဒသမ ၁)သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဌာနဆိုင်ရာ တာဝန်ရှိသူများက သတင်းပေးဆုကြေးငွေ (၁၈၈ ဒသမ ၁၆၄)သန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လအတွင်း မြန်မြန်ဆန်ဆန် ချီးမြှင့် နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍လည်း လစဉ်သတင်းထုတ်ပြန်ဆောင်ရွက် လျက်ရှိသည်။
ထို့ကြောင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နဲ့ အီးမေးလ် [email protected] သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်


