မော်လမြိုင် ဇူလိုင် ၅

 

မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ ဝန်ထမ်အနေဖြင့် မိမိတို့ဌာနနှင့် သက်ဆိုင်သော ဥပဒေများကိုသာ သိရှိနေရုံ မလုံလောက်ဘဲ ပြဋ္ဌာန်းဥပဒေများ၊ အရေးကြီးသည့် ဥပဒေများကိုလည်း သိရှိလိုက်နာရန် လိုက်နာကျင်သုံးကြရန်နှင့် ယခုပို့ချသော ဥပဒေများအပြင် တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလ အခြေအနေနှင့်အညီ နိုင်ငံတော်မှ ပြဋ္ဌာန်းသော ဥပဒေများကို မျက်ခြည်မပြတ် လေ့လာသွားကြရန်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေဆိုင်ရာ၊ သိကောင်းစရာများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ တို့အား ရှင်းလင်းဆွေးနွေးသည်။

 

မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁)သို့ သင်တန်းသား သင်တန်းသူ ၈၂ ဦး တက်ရောက်ကြပြီး ဥပဒေအရာရှိများက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် ဆက်သွယ်ရေးဥပဒေ ဘာသာရပ်တို့ကို သုံးရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စည်သူ(ပြန်/ဆက်)