ချောက် ဇူလိုင် ၆

                မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဉီးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကြီးနီစံပြကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

       ရှေးဦးစွာကြီးနီစံပြကျေးရွာ အထက်တန်းကျောင်းခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဉီးစီးအရာရှိဒေါ်သိမ့်ဝါက လူငယ်နှင့် ထိန်း သိမ်းအပ်သည့် ယဉ်ကျေးမှုဓလေ့များ ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဉီးသန်းဝင်းက အခြေခံရှေးဉီးသူနာပြု စုနည်း  ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

           ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မူလတန်းအဆင့် ကျောင်းသား/သူများအား ပုံပြင်ပြောပြခြင်း၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များ အကြောင်းပြောပြခြင်း၊ စကားပုံအမေး၊အဖြေပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/သူလေးများအား မေတ္တာ လက်ဆောင် ဗလာစာအုပ်နှင့်ခဲတံများ ဆုချီးမြှင့်ခဲ့ကြသည်။

        ဆက်လက်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်၊စာစောင်များခင်းကျင်းပြသထားမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/သူများ စာပေဖက်ရှု့နေမှု၊ ဆေးရောင်ခြယ်နေမှုများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

           ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉီးစီးအရာရှိဒေါ်သိမ့်ဝါက ကျေးရွာတွင် ဖွင့်လှစ်ထားသည့် စာပေတန်ဆောင်စာကြည့်တိုက်သို့သွားရောက်ကာ စာကြည့်တိုက်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဆိုင်ရာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေး နွေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

          ကျော်မိုး(ပြန်/ဆက်)