ကျောက်ပန်းတောင်း၊ ဇူလိုင်-၆
မြို့ပြသန့်ရှင်းသာယာလှပစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းသာယာ လှပသည့်ကျောင်း ပတ်ဝန်းကျင် ကောင်း ဖြစ်စေရေအတွက် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျှက်ရှိရာ၊ ဇူလိုင်(၆)ရက်နေ့ နံနက်(၇:၃၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းဆောင်ရေးဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ(၁၆)ခုမှ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ အင်အား(၁၄၇)ဦး၊ ရပ်ကွက်ပြည်သူ(၁၀)ဦး၊ ကျောက်ပန်း တောင်း တပ်နယ်၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အင်အား(၁၂၀)ဦး စုစုပေါင်း (၂၇၇)ဦးတို့က ကျောင်းဝန်းအတွင်း ပေါင်းမြက် ခြောက်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်အမှိုက်များလှဲကျင်းသန့်ရှင်းခြင်းတို့ဆောင်ရွက်ခဲ့ကြရာ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဟိန်းဆက်နှင့် တပ်နယ်အရာကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)


