တိုကျို၊ ဇူလိုင် ၇
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် အီရန်သမ္မတအဖြစ် ရွေးကောက်ခံရသည့် မာဆက် ပီဇီရှ်ကီရန်အား ချီးကျူး ဂုဏ်ပြုကြောင်း သိရသည်။
အီရန်သည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန်နှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်း မွန်လာစေရန် မျှော်လင့်ကြောင်း ဂျပန် ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။
အီရန်သမ္မတ မာဆက် ပီဇီရှ်ကီရန်နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်းလည်း ကီရှီဒါက ဆက်လက်ပြောသည်။
အီရန်သမ္မတ မာဆက် ပီဇီရှ်ကီရန်၏ ဦးဆောင်မှုအောက်တွင် အီရန်နိုင်ငံသည် တင်းမာမှုများ လျှော့ချရန်နှင့် အရှေ့အလယ်ပိုင်းအခြေအနေကို တည်ငြိမ်စေရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ကီရှီဒါက ပြောကြားသည်။
ဂျပန်နိုင်ငံသည် အီရန်အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်နှင့် တင်းမာမှုများကို ဖြေလျှော့ကာ အရှေ့ အလယ်ပိုင်းဒေသ အခြေအနေကို တည်ငြိမ်စေရန် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် -အောင်ကျော်ကျော်