၂ မတ်
ပစိဖိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗန်နူတူမှာ မဖျက်ဆီးနိုင်တဲ့ ပလပ်စတစ် ပစ္စည်းများ သုံးစွဲမှု ပိတ်ပင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ပါးနိုင်စေမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ဇွန်း၊ ခရင်း၊ ဓါး၊ ခွက်၊ ပိုက်၊ မွေတံ နဲ့ ထုတ်ပိုးမှုတွေပါ ဥပဒေအရ တားမြစ်သွားမယ်လို့ ဗန်နူတူ နိုင်ငံခြားရေးဝန်ကြီး က ပြောကြားပါတယ်။
အိမ်သုံး အမှိုက်တွေထဲမှာ မဖျက်ဆီးနိုင်တဲ့ ပလပ်စတစ် ပစ္စည်းများ ဟာ အကြီးအမားဆုံးပစ္စည်းဖြစ်တယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရတဲ့အတွက် ပလတ်စတစ်လျော့ချရေးမှာ ဒီပစ္စည်းတစ်ခုတည်းကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဗန်နူတူ နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က တစ်ခါသုံးပလတ်စတစ်အိတ်တွေကို ပိတ်ပင်တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။ ဒိုက်ပါကို လာမယ့် ဒီဇင်ဘာတစ်ရက်နေ့ကနေစတင် ပိတ်ပင်ဖို့အတွက် အတည်ပြုချက်လိုအပ်တယ်လို့ သိရပါတယ်။
မဖျက်ဆီးနိုင်တဲ့ ဒိုက်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ပလတ်စတစ်ရယ် ဆိုဒီယမ် ပိုလီအက်ခရိုက်လစ်ကို အရည်စုတ်ပစ္စည်းအဖြစ် အသုံးပြုထားတဲ့အတွက် အခုလို ပိတ်ပင်ဖို့ဖြစ်လာတယ်လို့သိရပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံတွေထဲမှာ ဗန်နူတူဟာ ရာသီဥတု ဖောက်ပြာမှုကို ခံရဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ပလပ်စတစ် ပစ္စည်း ၄၅၀ ဘီလီယံ နှစ်စဉ်အသုံးပြုကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀ဝ၇ ခုနစ်ရဲ့ မှတ်တမ်းအရ သိရပါတယ်။
MDN
ကိုးကား - AFP