ဇူလိုင် ၉

ဇမ်ဘီယာနိုင်ငံတွင် မကြာသေးမီက အေးမြသောရာသီဉတုဖြစ်ပွားပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူဦးရေ မြင့်တက်လာသည်ဟု ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

ယခုနှစ် မေလနှင့်ဇွန်လအကြား ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှု ၃၀၇၀ ခန့်ပြုလုပ်ခဲ့ရာ ၎င်းတို့အနက် ၂ ဒသမ ၄ ရာခိုင်နှုန်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သောလက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ပိုမိုမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုင်ငံအတွင်းရှိ ပြည်နယ် ၁၀ ခုအနက် ခြောက်ခုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားနေပြီး လူဆာကာပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအရေအတွက် အမြင့်မားဆုံးဖြစ်သည်ဟု ၎င်းကဆိုသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၄၇၇၀ ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို