ဘရပ်ဆဲလ် ဇူလိုင် ၉
ယခုနှစ်ဇွန်လ၏ ကမ္ဘာ့အပူချိန် သည် ၁ ဒသမ ၅ ဒီဂရီဆဲလ်ဆီးယပ်၏ အထက်သို့ စံချိန်တင်ရောက်ရှိခဲ့ပြီး ယင်းအပူချိန်သည် စက်မှုခေတ်အကြို ကာလ( ၁၈၅၀- ၁၉၀၀) ကထက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဥရောပ သမဂ္ဂ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက် ရေးဆိုင်ရာလုပ်ငန်းက ပြောကြားခဲ့ သည်ဟု ယနေ့ဆင်ဟွာသတင်းအရ သိရသည်။
မြင့်တက်ခဲ့
ပြီးခဲ့သည့် တစ်နှစ်အတွင်း ကမ္ဘာ၏ ပျမ်းမျှအပူချိန်သည် သုည ဒသမ ၇၆ ဒီဂရီဆဲလ်ဆီးယပ်အထိ မြင့်တက် ခဲ့ကာ ယင်းအပူချိန်သည် ကမ္ဘာ၏ ၁၉၉၁ မှ ၂၀၂၀ အတွင်း ပျမ်းမျှအပူချိန် ထက်မြင့်မားခဲ့ကြောင်း ယင်းလုပ်ငန်း ၏ မှတ်တမ်းတွင် ပြောကြားသည်။ ယခုနှစ်ဇွန်လ၏ အပူချိန်သည် ယင်းအဖွဲ့၏ မှတ်တမ်းတွင်ဖော်ပြထား သည့် အခြားဇွန်လများထက် ကမ္ဘာ တစ်ဝန်းတွင် ထူးခြားစွာအပူချိန်မြင့် တက်ခဲ့ပြီး လေထု၏ပျမ်းမျှအပူချိန် သည် ၁၆ ဒသမ ၆၆ ဒီဂရီ ဆဲလ်ဆီး ယပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်များကို လေ့လာခြင်း ဖြင့် ကမ္ဘာမြေကြီး၏ ရာသီဥတု ပြောင်းလဲမှုသည် ဆက်လက်၍ ဖြစ်လာနေကြောင်း ဥရောပသမဂ္ဂ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းတာဝန်ရှိသူ ကာလို့စ် ဗောင်တန်ပိုက ပြောကြားသည်။
ကမ္ဘာတစ်ဝန်းတွင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ သည့်တိုင် အပူချိန်များမြင့်တက်လာ နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ပါရီရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး သဘော တူညီချက် အရ ကမ္ဘာကြီး၏ အပူချိန် ကို ၁ ဒသမ ၅ ဒီဂရီဆဲလ်ဆီးယပ်တွင် သာ ထိန်းချုပ်ထားရှိရန် သဘောတူ ခဲ့ကြသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ