မအူပင်     ဇူလိုင်     ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့ နံနက် ၈  နာရီမှစတင်၍ မြို့အတွင်းရှိ အသုပ်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် ထမင်းဆိုင်များအား ကျန်းမာရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဦး ဆောင်မှုဖြင့်  မအူပင်မြို့ကမ်းနားဈေးရှိ ထမင်းဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် စားသောက်ဆိုင်များ၊ တေဇလမ်း တစ်လျှောက်ရှိ အသုပ်ဆိုင်များတွင် ရောင်းချနေသော အစားအစာများ သန့်ရှင်းမှုရှိစေရေး၊ သက်တမ်းလွန် အစားအစာများ ရောင်းချမှုမရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး၊ အစားအသောက် များ ယင်နားမှုမရှိစေရေးနှင့် ပတ်သက်၍ စည်ပင်သာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)