ဇူလိုင် ၁၀
ဂါဇာကမ်းမြောင်ဆောင်ပိုင်းရှိ ခန်ယွန်နစ်မြို့ရှိစာသင်ကျောင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ၂၅ ဦးထက်မနည်းသေဆုံးကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်က ယမန်နေ့က ပြောကြားသည်။
ခန်ယွန်နစ်မြို့၏အရှေ့ဘက် ရာနှင့်ချီသောရွှေ့ပြောင်းနေထိုင်သူများရှိရာ Al-Awda စာသင်ကျောင်းပေါက်ဝကို ပစ်မှတ်ထားကာ အစ္စရေးက ဒုံးကျည်တစ်စင်းထက်မနည်း ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု ပါလက်စတိုင်း လုံခြုံရေးသတင်းအရင်းအမြစ်များက ဆင်ဟွာသို့ပြောသည်။
အစ္စရေး၏လေကြောင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၂၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဆေးဘက်ဆိုင်ရာသတင်းအရင်းအမြစ်များက ပြောသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလအစောပိုင်းက ပါလက်စတိုင်း-အစ္စရေးပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ပါလက်စတိုင်းသေဆုံးသူဦးရေ ၃၈၂၄၃ ဦးအထိ ရှိလာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို