ဇူလိုင် ၁၀
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုများရှိပြီး သုံးဦးသေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။
နိုင်ငံတောင်ပိုင်း Chungcheong ပြည်နယ် နိုဆန်မြို့ရှိ စတူဒီယိုတိုက်ခန်းအဆောက်အအုံ၏ ရေနစ်မြုပ်နေသော ဓာတ်လှေကားတစ်ခုမှအမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုဆယ်ယူရရှိခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
အဆိုပါမြေပြိုမှုကြောင့် Chungcheong ပြည်နယ် စီချွန်ကောင်တီရှိ နေအိမ်ပြိုကျမှုဖြစ်ပွားခဲ့ရာ ယင်းနေအိမ်အတွင်း နှလုံးရပ်သွားသော အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်းအတည်ပြုဖော်ပြထားသည်။
မြောက်ပိုင်း Gyeongsang ပြည်နယ် Daegu မြို့တွင် ချောင်းတစ်ခုအတွင်းသို့မျောပါသွားသည်ဟု ယူဆရသူတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေသော အများပိုင်လမ်းများနှင့် တာတမံ ၁၉၅ ခု ပျက်စီးခဲ့ပြီး ရေကြီးနေသော ကိုယ်ပိုင်နေအိမ်များနှင့် ကားများအပါအဝင် ၉၂ ခု ပျက်စီးခဲ့သည်။ လူပေါင်း ၃၀၇၂ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးပြီး ၎င်းတို့အနက် ၁၄၀၄ ဦးကို နေရပ်သို့ပြန်ခွင့်ပြုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို