တိုကျို ဇူလိုင် ၁၁
ဂျပန်နှင့် အာရပ်နိုင်ငံများအဖွဲ့တို့ သည် ရေရှည်တည်တံ့သော စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ပေါ်ပေါက်စေ ရန်အတွက် ရာသီဥတုပြောင်းလဲ ခြင်းနှင့် တခြားကမ္ဘာ့ရေးရာ ပြဿနာများကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် သဘောတူ ခဲ့ကြသည်။
ဂျပန်နှင့် အာရပ်နိုင်ငံများအဖွဲ့ မှ ဝန်ကြီးများသည် ဇူလိုင် ၁၁ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ နှစ်ရက်ကြာ ကျင်းပသော ဂျပန် - အာရပ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သည်။
ဂျပန် စီးပွားရေးဝန်ကြီး ဆိုင်တိုကန်က မိမိတို့၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ချက် များနှင့်ပတ်သက်ပြီး အာရပ်နိုင်ငံ များနှင့် ကြိုတင်ဆွေးနွေးမှုများလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အားလုံး ရင်ဆိုင် ကြုံတွေ့နေသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် မိမိတို့၏ အားသာချက်များကို အသုံးချ သွားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အာရပ် အဖွဲ့ခေါင်းဆောင် အတွင်းရေးမှူးချုပ် အာမက် အာဘော်ဂီယက်က ရာသီဥတု ပြောင်းလဲခြင်း၊ ဉာဏ်ရည်တုနှင့် ပညာရေး စသည့်နယ်ပယ်သစ် များ၌ ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ ဖြစ်ပေါ် စေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အာရပ်အဖွဲ့သည် ဂျပန်နိုင်ငံ၏ ကျွမ်းကျင်မှုများကို သင်ယူလိုကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
ပူးတွဲ ကြေညာချက်တွင် နှစ်ဖက် ခေါင်းဆောင်များသည် ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင် လုံခြုံမှုနှင့် အေအိုင် နည်းပညာ ပေါ်ပေါက်လာမှု စသည့် တခြားကမ္ဘာ့အရေးကိစ္စများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း ဖော်ပြခဲ့သည်။
အင်န်အိတ်ချ်ကေ