ဇူလိုင် ၂၂
အာဂျင်တီးနားနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၂၇၀၀၀ ကျော်ရှိရာ ယမန်နှစ်ကထက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃ ဒသမ ၂ ဆ ပိုမိုများပြားသော်လည်း မကြာသေးမီက သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ လျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
ယခုနှစ်သီတင်းပတ် ၂၈ ပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၂၇၅၁၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၀၁ ဦး ရှိကြောင်းဖော်ပြထားသည်။
အလယ်ပိုင်းဒေသတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက်အများဆုံးဖြစ်ပြီး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အနောက်မြောက်ပိုင်းတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ၂၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် အရှေ့မြောက်ပိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းရှိသည်။
လတ်တလောတွင် လူတစ်သိန်းလျှင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ၁၁၅၇ ဦးရှိရာ သီတင်းပတ် ၁၄ ပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုလျော့ကျလာသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို