ရန်ကုန်၊ ဇူလိုင် ၂၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ ချမှတ်ထားသော ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြီးစီးမှု၊ Keyboard ဂီတသင်တန်း ပို့ချနေမှုနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပပြုလုပ်မည့် ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသား ဘောလုံးအသင်းနှင့် အမျိုးသားဖူဆယ်အသင်းတို့ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


