ဇူလိုင် ၂၄

နီပေါနိုင်ငံ  မြို့တော်ခတ္တမန္ဒူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့တွင် ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၂ ဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု နီပေါလေကြောင်းအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမတော်တဆဖြစ်ပွားမှုကြောင့် ယင်းလေဆိပ်ပိတ်ထားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

ထိုလေယာဉ်သည် မြေပြင်သို့ထိုးဆင်းခဲ့ပြီး လေဆိပ်အတွင်း ပေါက်ကွဲသံကြားခဲ့ရသည်ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

၎င်းလေယာဉ်သည် နီပေါနိုင်ငံ၏ Saurya လေကြောင်းလိုင်းပိုင်ဖြစ်သည်ဟု လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၃ ဦးအနက် ၁၇ ဦးသည် ယင်းလေကြောင်းလိုင်းမှဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို