တောင်ငူ ဇူလိုင် ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တောင်ငူခရိုင်ရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံက အဖွင့်အမှာစကား ပြောကြားပြီး ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များမှ ရွေးကောက်ပွဲအရာရှိများက မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ၊ ဆောင်ရွက်မည့်မဲရုံတည်နေရာ၊ မဲရုံအရေအတွက်နှင့် မဲပေးမည့်ဦးရေ၊ နယ်မြေအခြေအနေအရ မဲပေးရန်ခက်ခဲသည့် မဲရုံများ၊  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံများအခြေအနေနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံများအခြေအနေတို့ကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြသည်။

 

ဇော်ကိုကို(တောင်ငူ)