နေပြည်တော် ဇူလိုင် ၂၄ 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ ရေနံရှာဖွေ တူးဖော်ထုတ်လုပ်ရေးနှင့် ရေနံချက် လုပ်ရေး နည်းပညာများ သင်ယူနိုင်ရန် စေလွှတ်ရေး၊ စွမ်းအင်ကဏ္ဍ နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိများသူ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်