လားရှိုး ၂ မတ်

လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ မတ် ၂ ရက် နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ သားအိမ်ခေါင်းကင်ဆာ ရှာဖွေစမ်းသပ်ခြင်းလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လားရှိုးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ် အပါအဝင် လားရှိုးမြို့နယ် ရပ်ကွက်/ကျေးရွာများမှ အသက်(၃၀)နှစ်နှင့် (၄၉)နှစ်ကြား အိမ်ထောင်ရှိ (အိမ်ထောင်ရှိခဲ့ဖူးသူ)များအား ရှာဖွေစမ်းသပ် ကုသပေးခြင်းကို မတ် ၂ ရက်မှ ၃ ရက်အထိ စမ်းသပ်ကုသပေးခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်နန်းရွှေမြင့်၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းချိုချိုပြုံးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။

စစ်ဆေးစမ်းသပ်ကုသပေးခြင်းကို လားရှိုးဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာမြသဲဖြူ၊ သားဖွားမီးယပ် အထူးကု ဒေါက်တာလှမျိုးသူ၊ သီပေါမြို့နယ်မှ ဒေါက်တာစုလှိုင်ဝင်း၊ နမ္မတူမြို့နယ်မှ ဒေါက်တာမင်းမင်းသန့်တို့ ပါဝင်သော အဖွဲ့တို့မှ စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ပြီး လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများမှ စုစုပေါင်း (၁၅၁၄)ဦး စာရင်းပေးထားရှိကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)

 

mdn