နေပြည်တော်   ဇူလိုင်    ၂၆

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် သိပ္ပံနှင့် နည်းပညာ၊ အကောက်ခွန်ဆိုင်ရာကိစ္စများ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ  ပိုမိုတိုးမြှင့်ရေးနှင့်  ဒေသတွင်းနှင့်    နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်