နေပြည်တော်   ဇူလိုင်   ၂၆

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)    ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး  မိုးအောင်သည်   ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ  အမျိုးသားလုံခြုံရေး ဆိုင်ရာ  အကြီးအကဲများအား ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

 

ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မိုးအောင်သည်  ယနေ့တွင် သီရိလင်္ကာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ အတွင်းဝန် General  Kamal Gunaratne (Retd)  ကိုလည်းကောင်း ၊  ထိုင်းနိုင်ငံမှ  H.E. Mr. Ruchakorn NAPAPORN-PIPAT    ကိုလည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  နှစ်နိုင်ငံအချင်းချင်း၊ ဒေသတွင်း ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ နိုင်ငံများအချင်းချင်း ပူးပေါင်း    ဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊     မြန်မာနိုင်ငံ၏     နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှု  အခြေအနေနှင့် လွတ်လပ်ပြီး   တရားမျှတသည့် ပါတီစုံ     ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်   ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်