နေပြည်တော် ဇူလိုင် ၂၆

 

ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ ညနေပိုင်းက  နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့် စက်ရုံ)၌ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ    ပြည်ထောင်စုဝန်ကြီးအား ထပ်ဆင့်လွှင့်စက်ရုံဧည့်ရိပ်သာ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က ပျဉ်းမနား - သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံဆိုင်ရာ     အချက် အလက်များ၊ ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံ၏    ထပ်ဆင့်လွှင့် လုပ်ငန်းတာဝန်နှင့်  နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများနှင့် အစည်းအဝေးများအတွက်  PA (Public Address) များ ဆောင်ရွက်နေမှု၊ ပုဂ္ဂလိက ရုပ်သံလွှင့်စက်များနှင့် အခြားဌာနများမှ Tower ပေါ်တွင် Antenna များ တပ်ဆင်ဆောင်ရွက်မှု၊ ပြင်ပရိုက်ကူးရေးဌာနစိတ်၏ ရိုက်ကူးမှုများနှင့် ဝန်ကြီးဌာန များမှ ရိုက်ကူးပေးပို့မှုများအား    ဆက်လက် ပေးပို့ရေးဆောင်ရွက်မှု၊ ပြင်ပရိုက်ကူးရေး ဌာနစိတ်၏ နေပြည်တော်တွင် ရိုက်ကူးရေးတာဝန်ထွက်ခွာဆောင်ရွက်မှု၊ ဝန်ထမ်းများ သွား/လာ ပို့ဆောင်ရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးမှု၊ ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး ဆောင်ရွက် ပေးနေမှု၊ လုံခြုံရေးနှင့်မီးဘေး အန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပျဉ်းမနား-သပြေတောင် ထပ်ဆင့် လွှင့်စက်ရုံတွင် လေးခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်မည့် အစီအစဉ်ကို လည်းကောင်း    ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက  ရုပ်သံရိုက်ကူးထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး၊ လျှပ်စစ်မီးဦးစားပေးရရှိရေးတို့ကို  သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပြည်သူလူထုထံ မှန်ကန်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ   ပေးပို့နိုင်ရေး    ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်    အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း  အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေး  မှာကြားသည်။

 

ထို့နောက် ပျဉ်းမနား-သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်မည့် လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး တည်ဆောက်မည့်မြေနေရာနှင့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက်  ပျဉ်းမနား- သပြေတောင် ထပ်ဆင့်လွှင့်စက်ရုံလွှင့်စက်များဖြင့်  ထုတ်လွှင့်မှုအပြင်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   သတင်းအစီအစဉ်တွင် ထည့်သွင်းရန်အတွက်  ဝန်ကြီးဌာနများမှ ရိုက်ကူးပြီး သတင်းအရုပ်များအား မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြား (တပ်ကုန်း)သို့ ပေးပို့သည့် Up Link လုပ်ငန်းစဉ်ဆောင် ရွက်မှုနှင့် FM-Radio ၊ DVB-T2  ထုတ်လွှင့်မှုစက်ခန်းများကို   ကြည့်ရ ှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ဆက်လက်၍  ပျဉ်းမနား - သပြေ တောင်ထပ်ဆင့်လွှင့်စက်ရုံတွင်  တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအိမ်ရာနှင့်  အဆောင်များ၊     စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များ၏ လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထပ်ဆင့်လွှင့်စက်ရုံတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းလေးဦး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ  အမျိုး သမီးကင်မရာသတင်းထောက် လေးဦး နှင့် China  Radio   International   သို့ သွားရောက်    တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း နှစ်ဦးတို့ကို ကင်မရာကိုင်တွယ် အသုံးပြုထိန်းသိမ်းမှုနှင့် ရိုက်ကူးရေး အခြေခံရက်တိုသင်တန်း ဖွင့်လှစ်ပို့ချနေမှု ကို ကြည့်ရှုအားပေးသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန    မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊   ပညာပေးရန်၊   ဖျော်ဖြေပေးရန် ရည်ရွယ်ချက်များနှင့်အညီ ထုတ်လွှင့်ရေး ဆောင်ရွက်မှုများကို ပျဉ်းမနားထပ်ဆင့် လွှင့်စက်ရုံမှ Digital စနစ်ဖြင့် MRTV-HD အပါအဝင် Free to Air ရုပ်သံ (၁၈)လိုင်းကို မိုင် ၂၀ ပတ်လည်အတွင်း အရုပ်အသံအရည်အသွေးကောင်းမွန်စွာ ဖမ်းယူကြည့်ရှုနိုင်ရန်  အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိသည့်အပြင် မြန်မာ့အသံ, MRI နှင့် ပုဂ္ဂလိက FM ရေဒီယိုအစီအစဉ် များကိုလည်း ကြည်လင်ပြတ်သားစွာ နားဆင်နိုင်ရေး ထပ်ဆင့်ထုတ်လွှင့်ပေးလျက်ရှိသည်။

 

ထို့ပြင်  နေပြည်တော်အတွင်း သတင်းနှင့်အစီအစဉ်များ   ရိုက်ကူးရေးနှင့်   PA System ဆောင်ရွက် ကြသည့်   ဝန်ထမ်းများသည်အဆိုပါ ထပ်ဆင့်လွှင့်စက်ရုံဝင်းအတွင်း အခြေပြု၍  နိုင်ငံတော်အဆင့် အခမ်းအနားများ၊ အစည်းအဝေးများနှင့် ဝန်ကြီးဌာနဆိုင်ရာ ရိုက်ကူးရေးများ၊ ရုပ်သံအစီအစဉ် ရိုက်ကူးရေးများနှင့် အသံစနစ်ဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      သတင်းစဉ်