နေပြည်တော် ဇူလိုင် ၂၇
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (အငြိမ်းစား) ဦးဆောင်သော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံ Swissotel The Stamford ဟိုတယ်တွင် ဇူလိုင် ၂၅ ရက် က ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် (၈) ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်း များဆောင်ရွက်၍ အတည်ပြုရန်ဆုံးဖြတ် ခဲ့ကြသည်။
တက်ရောက်
အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ (၂၃) ကြိမ်မြောက် အထွေထွေ ညီလာခံကို ဇူလိုင် ၂၆ ရက်က ကျင်းပရာ အဆိုပါ အထွေထွေညီလာခံသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအလိုက် အစီရင်ခံစာတင်သွင်းခြင်းအစီအစဉ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၏ အစီရင်ခံစာကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (အငြိမ်းစား) က ဖတ်ကြားတင်သွင်းဆွေးနွေးခဲ့သည်။
ပူးတွဲကြေညာချက်လက်မှတ်ရေးထိုး
အဆိုပါ အထွေထွေညီလာခံ၌ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက် (၈) ချက်အား အတည်ပြုကြပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက ပူးတွဲကြေညာ ချက်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိသည်။
(၅ဝဝ)


