မကွေး ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက် ၉၈ ကျောင်းမှ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ ၁၀၀၄ စုံ (စုစုပေါင်းတန်ဖိုးငွေ ကျပ် ၇၃၃, ၉၆ ၃၀ဝ) တို့ကို စုပေါင်း ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

မောင်ညီညာ