ပခုက္ကူ ဇူလိုင် ၂၉

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ‌ ဆောင်ရွက်ခြင်းကို ဇူလိုင် ၂၈ ရက်က ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးဆန်းလင်းက အမှာစကား ပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ ယင်းဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးမှုလျော့နည်း သက်သာစေရေး ကြိုတင်ကာကွယ်ပြင်ဆင်ရမည့်အချက်များ၊  ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက်  လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်/ဆောင်ရန်အချက်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးလောင်မှုမဖြစ်ပွားစေရေး ပြည်သူများလိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်းကို အသိပညာပေး ရှင်းလင်းဟောပြောကြသည်။ 

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)