တာလေ ဇူလိုင် ၂၉

လူကုန်ကူးမှုအန္တရာယ်တားဆီးရေး ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အထက (တာလေ)ရှိ ချယ်ရီဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တာချီလိတ်မြို့ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သန်းနိုင်မှ တရားမဝင် ရွေ့ပြောင်းသွားလာခြင်း၊ ကုန်ကူးခြင်း၊ လူမှောင်ခိုခြင်း စသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားပြီး      ရဲအုပ်ကျော်မင်းနိုင်မှ လူကုန်ကူးမှုတားဆီနှိမ်နင်းရေးဆိုင်ရာ ဥပဒေပုဒ်မ ပြစ်ဒဏ်များ အကြောင်း၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများ၊ လူကုန်ကူးခံရသူတို့ တွေ့ကြုံရသည့် အခက်အခဲဒုက္ခများ၊ လူကုန်ကူးမှု ကျူးလွန်ကြံစည်သူတို့၏ ဖြားယောင်းသွေးဆောင်ရာတွင် အသုံးပြသည့် နည်းပရိယာယ်များအကြောင်း စသည့်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဟောပြောပွဲသို့ အ.ထ.က(တာလေ)ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၁၇၃)ဦး တက်ရောက်ခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)