ဇူလိုင် ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၇၂ ဦး နှင့် ယင်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူနှစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၅၇၆၈ ဦး ရှိလာပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၅၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာနက ပြောကြားသည်။

ဇူလိုင်လအတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၁၇ ဦးဖြင့်စံချိန်တင်ခဲ့ပြီး ဇွန်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၉၈ ဦးနှင့် မေလက ၆၄၄ ဦးတို့ရှိကြောင်းဖော်ပြထားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့်သေဆုံးသူ မေလက ၁၂ ဦး၊ ဇွန်လက ရှစ်ဦးနှင့် ဇူလိုင်လက ၁၁ ဦးတို့အပါအဝင် သေဆုံးသူပေါင်း ၅၅ ဦးရှိသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလ မုတ်သုံကာလသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် ကာလဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို