ဇူလိုင် ၂၉

တရုတ်နိုင်ငံအရှေ့ပိုင်းဖူဂျီအန်းပြည်နယ်တွင် ယခုနှစ်အတွင်း တတိယအကြိမ်မြောက်တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းဂေမီ ကြောင့် ဒေသခံ ၇၆၆၉၀၀ ရေဘေးသင့်ခဲ့သည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၂၂၄ ဒသမ ၃၅ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟုသိရသည်။ ထိုပြည်နယ်ရေကြီးရေလျှံမှုကာကွယ်ရေးနှင့်ထိန်းချုပ်ရေးရုံးက လတ်တလောတွင်  ထိခိုက်ဒဏ်ရာရသေဆုံးသူ မရှိသေးကြောင်း ထပ်လောင်းဖော်ပြထားသည်။

 ကယ်ဆယ်ရေးအဖွဲ့များဖြင့် ရေဘေးသင့်ဒေသများမှ လူပေါင်း ၃၁၂၇၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟုသိရသည်။ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယင်းပြည်နယ်ရှိဒေသ အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်နေ့အတွင်း မြစ်ကြီး ၁၇ စင်းတွင် မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ၎င်းမုန်တိုင်းကြောင့် ပြတ်တောက်သွားသော ဓါတ်အားလိုင်းများကိုပြင်ဆင်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို