နေပြည်တော် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင် တို့က လပွတ္တာမြို့နယ်နေ ဦး -----၊ ၃၄/၂၀၂၃ နှစ်အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာမှ လူဝကြီး (ခ) သန်းနိုင်ထံတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေ (၇၅၀၀၀၀) ကျပ်အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကန်ဘက်နယ်မြေရဲစခန်း(ပ) ၇၃/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးမှ ယနေ့တွင် အမှုမှ တရားခံ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် ဇော်နိုင်တို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


