ငဖဲ ဇူလိုင် ၃၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ၏ ရေပြည့်အမှတ် ၆၂၅ ပေ အထက် ရေပိုလွှဲမှ ရေကျော်ကျနေမှုမှာ ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ တိုင်းထွာချက်အရ ပြန်လည်ကျဆင်းလျက်ရှိပြီး လက်ရှိတွင် ၁.၉ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေကို မန်းတမံအောက်ဘက်ရှိ ကျေးရွာများမှ ပြည်သူများ ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)