နေပြည်တော်   ဇူလိုင် ၃၀

 

၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဒီကနေ့ မွန်းလွဲ နာရီက နေပြည်တော်၊ တပ်ကုန်းရှိ ရေဒီယိုနှင့် ရုပ်မြင်သံကြား အသံသွင်း/ အသံထပ် Studio ကျင်းပခဲ့ရာ အဆိုပါပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနဲ့ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ ဆရာ/ဆရာမများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ကျောင်းသားမိဘများ၊ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

အဆိုပါပြိုင်ပွဲတွင် အမှတ်() အခြေခံပညာအထက်တန်းကျောင်း ပျဉ်းမနား၊ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူသီရိ၊ အခြေခံပညာအထက်တန်းကျောင်း ရွှေခဲအင်း ဒက္ခိဏသီရိ၊ အမှတ်(၂၀) အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ပုဗ္ဗသီရိ၊ အခြေခံပညာ အထက်တန်းကျောင်း တက်ရှိန်း ဥတ္တရသီရိတို့မှ ကျောင်းသူ/ ကျောင်းသား ()ဦးတို့ ပါဝင်ယှဉ် ပြိုင်ကြပြီး  အခြေခံပညာကျောင်းများမှ  အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် (၁၄) နှစ်မှ (၁၇)နှစ်အတွင်းရှိ ကျောင်းသား/သူ () ဦးတို့က Round () ခုလျှင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ပညာရပ် ဆိုင်ရာမေးခွန်း ()ခုနှင့် ရေဒီယိုမှ ထုတ်လွှင့်သည့် အစီအစဉ်ပိုင်းဆိုင်ရာ မေးခွန်း ()ခု စုစုပေါင်း  မေးခွန်း ()ခုစီဖြင့် Round () ခုတွင် ယှဉ်ပြိုင် ဖြေဆိုကြခြင်းဖြစ်သည်။

           

ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမဆုကို အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူသီရိ Grade-12 မှ မခင်နေခြည်ထွန်းက လည်းကောင်း၊ ဒုတိယဆုကို  အမှတ်() အခြေခံပညာအထက်တန်းကျောင်း ပျဉ်းမနား Grade-9 မှ မောင်အောင်မျိုးကျော် က လည်းကောင်း၊  တတိယဆုကို အခြေခံပညာအထက်တန်းကျောင်း တက်ရှိန်း ဥတ္တရသီရိ Grade-10 မှ မကဗျာထက်နိုင် က လည်းကောင်း၊  အထူးဆု ()ဆုကို အခြေခံပညာအထက်တန်းကျောင်း ရွှေခဲအင်း ဒက္ခိဏ သီရိ၊ Grade-10 မှ မယွန်းရတီစိုး နှင့် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်း ပုဗ္ဗသီရိ Grade-10 မှ မောင်မင်းမြတ်သူတို့က လည်းကောင်း ရရှိခဲ့ကြသဖြင့် ဆုရရှိကြသူများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပမှုအား (၃၁--၂၀၂၄) ရက်နှင့် (--၂၀၂၄)ရက်နေ့ည မြန်မာ့ အသံရေဒီယိုမှ ပြည်တွင်းသတင်းများ ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းအား အများပြည်သူစိတ်ဝင်စားမှု ပိုမိုရရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ ()ကြိမ်ကျင်းပခဲ့ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယ ဆုရရှိသူ ()ဦးစီဖြင့် စုစုပေါင်း (၁၀)ဦးအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်အတွင်း ကျင်းပမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)