ဇူလိုင် ၃၁

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့အလယ်ပိုင်း မာနီမာပြည်နယ် မြို့တော်ကင်ဒူအနီး ကွန်ဂိုမြစ်တွင် ယမန်နေ့ညနေပိုင်းက လှေတစ်စင်းတိမ်းမှောက်ခဲ့ရာ လူ ၄၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသမီဒီယာက ယမန်နေ့ကဖော်ပြထားသည်။

 အဆိုပါလှေပေါ်တွင်း ခရီးသည် ၅၀ ခန့်လိုက်ပါလာကြောင်းနှင့် ယင်းလှေတိမ်းမှောက်မှုမှ လူ ၄၀ ၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိကြောင်း  ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဇွန်လက ကွန်ဂိုနိုင်ငံအနောက်ပိုင်း Mai-Ndombe ပြည်နယ်ရှိ ကွန်ဂိုမြစ်၏မြစ်လက်တက်များအနက် တစ်ခုဖြစ်သော ကဝါမြစ်တွင် လှေတစ်စင်းနစ်မြုပ်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၂၁ ဦးအပါအဝင် ၈၆ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို