ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၂၁၉၊ ဦးဟိန်းဇေယျာ၊ ဒုတိယဦးစီးမှူး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သင်တန်းသူစံပြဆုကို သင်တန်းသူ အမှတ်-၅၈ ၊ ဒေါ်ပန်းလရောင်၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ ကျောက်ဆည်မြို့နယ်ဥပဒေရုံး၊ ဥပဒေရေးရာဝန်ကြီးဌာနတို့ကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၁၆၂)ဦး သင်တန်းသူ (၁၉၃)ဦး စုစုပေါင်း (၃၅၅)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ မေ၂၀ ရက်မှ ဇူလိုင် ၃၁  ရက်အထိ  ရက်သတ္တ(၁၀)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်