သံတောင်ကြီး    ဩဂုတ် ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်း ရရှိခြင်းကြောင့် ကော်ဖီစိုက်ပျိုးသူ ပိုမိုများပြားလာကြောင်း သိရသည်။

ကော်ဖီစိုက်ပျိုးရာတါင် အများအားဖြင့် (၂)နှစ်သားကော်ဖီပျိုးပင်များကိုစိုက်ပျိုးပြီး (၃)နှစ်ခန့်တွင် အပွင့်များ စတင်ဖူးပွင့်လာပြီး (၄)နှစ်ခန့်တွင်  အသီးများကို စတင်ခူးယူနိုင်သည်။   ဒေသခံပြည်သူများ စိုက်ပျိုးသောကော်ဖီ  အမျိုးအစားမှာ အာရေဗီကာကော်ဖီ(ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ) ပင်များကို အများအားဖြင့် စိုက်ပျိုးကြသည်။

လွန်ခဲ့သောနှစ်များတွင် ကော်ဖီများဈေး ကောင်းမရရှိခြင်းကြောင့် ကော်ဖီစိုက်ပျိုးသူနည်းပါးသော်လည်း ယခုနှစ်တွင် ကော်ဖီစေ့တစ်ပိဿာ ကိုကျပ် (၁၈၀၀၀)မှ ကျပ် (၂၀၀၀၀)အထိရရှိပြီး ဈေးကောင်းရရှိခြင်းကြောင့် ကော်ဖီစိုက် ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။

နော်နော်မူ