ကျိုက်လတ် ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လတွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဖြိုးမင်းနှင့် တပေတမော့ကျေးရွာ၊ ကျီးချောင်းကျေးရွာ၊ ရေကျော်ကျေးရွာနှင့် လှည်းဆိပ်ကွင်းကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့သည်။
ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လုံးဝပြိုကျပျက်စီး နေအိမ်(၁၇)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁,၇၃၀,၀၀ဝိ/-)တိတိနှင့် အိမ်ထောင်စု(၁၈)စုမှ လေဘေးသင့်လူဦးရေ စုစုပေါင်း (၆၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၁၃၂,၃၀ဝိ/-)တိတိ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ်(၁,၈၆၂,၃၀ဝိ/-) တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁၇)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)


