နေပြည်တော် ဩဂုတ် ၁

နောင်ချိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် နံနက် ၁၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာရှိ ယန်ဆန် ၏ နေအိမ်ခြံဝင်းကို သတင်းအရရှာဖွေရာ သံပီပါ ၂၇၀ အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃,၅၀၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယန်ဆန်(၃၉)နှစ်နှင့် ယန်အင်ချီ(၄၁)နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်