မိုင်းယု ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လွေချောင်း ရေကြီးမှုဖြစ်ပွား၍ အိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ဩဂုတ် ၂ ရက် နံနက်ပိုင်းမှစတင်၍ ရေများပြန်လည်ကျဆင်းသွားသဖြင့် သန့်ရှင်းရေးများ ဝိုင်းဝန်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရေကြီးမှုကြောင့် ရေဝင်ရောက်သည့် ဌာနဆိုင်ရာ ရုံးများနှင့် နေအိမ်များရှိ နုန်းများ၊ အမှိုက်များနှင့် ရေများအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နမ့်လွေချောင်းရေကြီးမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မိုင်းယု(ပြန်/ဆက်)


