နေပြည်တော် ဩဂုတ်၂

စက်မှုဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာနှင့် မွန်မြတ်သည့်စိတ်ထားများ အရင်းခံ၍ ငပိကြော်၊ ငံပြာရည်ကြော်၊ ဘာလချောင်ကြော်ခြင်း အသင့်စားခေါက်ဆွဲ ခြောက်များ၊ ငါးသေတ္တာဘူးများ၊ ဘီစကွတ်များ၊ ငပိထောင်းဘူးများ၊ ကော်ဖီမစ်ထုပ်များ၊ ဓာတ်ဆားထုပ်များ၊ ဆေးဝါးများ ထုပ်ပိုးခြင်းလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေမှုတို့ကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများက လှည့်လည်အားပေးကြည့်ရှုသည်။

စက်မှုဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များအနေဖြင့် နိုင်ငံတော်လုံခြုံရေးတာဝန်များနှင့် ကာကွယ်ရေးတာဝန်များ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောင့်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် အလှူငွေများကို နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်သည်။

ထို့ပြင် ဝန်ထမ်းများမှ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေရင်း မိမိ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ၊မိမိကိုယ်ကိုလည်း ကာကွယ်ထိန်းသိမ်းပါ၊ အမောင်စစ်သည်တို့၏ ဆောင်ရွက်ချက်များကို အားပေးဂုဏ်ယူရင်း ထောက်ခံနေမည်ဖြစ်ကြောင်း၊” “ရှေ့တန်းရောက်တပ်မတော် သားများ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရရှိမည်ဟု ယုံကြည်ကြောင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်၍ တရားသောစစ် မုချအောင်ရမည်၊” “အမောင်စစ်သည်တို့ အောင်ပွဲနှင့်အတူ ပြန်လာ ချိန်တွင် သပြေပန်းနှင့်ကြိုဆိုရန် အသင့်စောင့်နေပါမည်၊” “အမောင်စစ်သည် တို့နှင့်အတူ တစ်သွေးတည်းတစ်သားတည်း အတူရပ် တည်နေသည်ကို ချွင်းချက်မရှိ ယုံကြည်၍ ပေးအပ် သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေကြောင်းဟူသော အားပေးသတင်းအမှာ စကားများကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)